HeatTech & AIRism

HeatTech နဲ့ AIRism ဆိုတာ ယူနီကလိုက သုတေသနလုပ်ထားတဲ့ နည်းပညာဖြစ်ပါတယ် 🙏🏾 HeatTech အထည်တွေဟာ ပါးလွှားပေမယ့်လည်း ချွေးကို အပူအဖြစ်ပြောင်းလဲပြီး ကိုယ်ခန္ဓာကို နွေးထွေးမှုရအောင် စွမ်းဆောင်ပေးပါတယ် 🙏🏾 တခြားတဖက်မှာဆိုရင် AIRism အထည်တွေက ချွေးကို စုတ်ယူပြီး အလျင်အမြန် ခြောက်သွေ့စေပါတယ်။ AIRism အထည်တွေဟာ ပျော့ပြောင်းတယ်၊ ဆွဲသားဖြစ်တယ်၊ အနံ့အသက်တွေကို ပပျောက်စေနိုင်တယ်၊ ဝတ်ဆင်ရလွယ်ကူစေပါတယ်။ ဒီနည်းပညာနှစ်ခု သုံးထားတဲ့ ယူနီကလို အထည်တွေဟာ ကြာရှည်လည်းခံပြီး ဝတ်ဆင်သူကို သက်တောင့်သက်သာဖြစ်စေပါတယ် 🙏🏾

Uniqlo

uniqlo! uniqlo ဆိုတာ တိုတိုပြောရရင်တော့ ဈေးကွက်ထဲမှာ တဟုန်ထိုးနေရာရလာတဲ့ လက်လီအရောင်းဆိုင်ခွဲပေါင်းများစွာရဲ့ အဝတ်တန်ဆာအမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ထပ်ဖြည့်ရရင်UNIQLO ဆိုတာ Fast Retailing ကပိုင်တဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ ခေတ်မှီ အဆင့်အတန်းမှီ အဝတ်တန်ဆာတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ဂျပန်အဝတ်တန်ဆာ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြီးတော့တခြား အဝတ်တန်ဆာ ထုတ်လုပ်ရောင်းချတဲ့ H&M နဲ့ Zara (Inditex) တို့ရဲ့နောက် ကမ္ဘာ့တတိယမြောက် လက်လီအရောင်းကုမ္ပဏီလည်းဖြစ်ပါတယ်။ https://www.fastretailing.com/eng/ir/direction/position.html

Design a site like this with WordPress.com
Get started