အစပိုင်းမှာ ယူနီကလိုဟာ ဈေးသက်သာတဲ့ အခြေခံအဝတ်အထည်တွေကိုသာ ရောင်းချနေခဲ့ပါတယ်။ အဲ့အချိန်တုန်းက ဈေးသက်သာချောင်ချိတဲ့ သမရိုးကျအဝတ်အထည်ဈေးကွက်ကို👚GAP,👚Marks and Spencer နဲ့👚Next တို့ကသာ နေရာယူထားလျက်ရှိပါတယ်။ Yanai နဲ့ သူ့ရဲ့အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်တွေမှာ ယူနီကလိုကို သာမန်သမရိုးကျ အပေါ်ဝတ်အောက်ဝတ်တွေထုတ်နေတဲ့ ဆိုင်ကနေ ဒီနေ့ခေတ်မှာ တွေ့နေရတဲ့ တီထွင်ဆန်းသစ်မှုရှိပြီး အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ အမှတ်တံဆိပ်ဖြစ်လာအောင် ပြောင်းလဲခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ယူနီကလိုဟာ ဈေးကွကက်ထဲက ပြိုင်ဖက်ကုမ္ပဏီတွေရဲ့ နေရာကို တဖြည်းဖြည်းနဲ့ သိမ်းပိုက်နေပါပြီ။

Uniqlo

uniqlo! uniqlo ဆိုတာ တိုတိုပြောရရင်တော့ ဈေးကွက်ထဲမှာ တဟုန်ထိုးနေရာရလာတဲ့ လက်လီအရောင်းဆိုင်ခွဲပေါင်းများစွာရဲ့ အဝတ်တန်ဆာအမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ထပ်ဖြည့်ရရင်UNIQLO ဆိုတာ Fast Retailing ကပိုင်တဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ ခေတ်မှီ အဆင့်အတန်းမှီ အဝတ်တန်ဆာတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ဂျပန်အဝတ်တန်ဆာ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြီးတော့တခြား အဝတ်တန်ဆာ ထုတ်လုပ်ရောင်းချတဲ့ H&M နဲ့ Zara (Inditex) တို့ရဲ့နောက် ကမ္ဘာ့တတိယမြောက် လက်လီအရောင်းကုမ္ပဏီလည်းဖြစ်ပါတယ်။ https://www.fastretailing.com/eng/ir/direction/position.html

Design a site like this with WordPress.com
Get started